Sunday, March 18, 2007

ကျွန်တော်ဖတ်ရသော Game Theory (၈)

Thinking Strategically (The Competitive Edge in Business, Politics and Everday Life) By Avinash Dixit And Barry J. Nalebuff



တွေးခြင်းမဟာဗျူဟာများ (၁) - ကျော်ဇောခိုင် (စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၆ ၊ အောက်တိုဘာ ၊ ၂၀၀၆)



ပုံပြင် (၈) ဖဲသမား



အားကစားပွဲတွေကြောင်း ပြန်ပြောရအောင်။ ဘောလုံးစားတဲ့အခါ တစ်ဘက်အသင်းကို ထိုးဖောက်ပြီး ဂိုးသွင်းဖို့အတွက် တိုက်စစ်ဆင်ရာမှာ လူပေးပြီး ထိုးဖောက်မလား၊ ကန်တင်ပြေးလိုက် လုပ်ကြမလားဆိုပြီး ရွေးချယ်ကြရပါတယ်။ (ဒါက နမူနာအနေနဲ့ ပြောရတာပါ။ ဘောလုံးပွဲနားလည်တဲ့ သူတွေက ခုခေတ်ကစားပွဲတွေမှာ နည်းဗျူဟာတွေဟာ အရမ်းကြွယ်ဝနေပါပြီလို့လည်း ပြောနိုင်ပါလိမ့်မယ်) ခုခံမယ့်သူကလည်း တစ်ဘက်က တိုက်စစ်ဆင်တဲ့ အပေါ်မှာ မူတည်ပြီး ခံစစ်ကို စီစဉ်ကြရပါတယ်။ အဓိကမှာတော့ နှစ်သင်းစလုံးဟာ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်တွေမှာ အခြေခံပြီး အနိုင်ကစားမယ့် ဗျူဟာတွေကို ရွေးချယ်ကြတာပါ။ တိုက်စစ်ဆင်တဲ့အခါတိုင်း လူပေးကစားရင်းနဲ့ပဲ တစ်ဘက် ဂိုးဧရိယာထဲဝင်ဖို့ကြိုးစားရင် တစ်ဘက်အသင်းအတွက် ဘောလုံးဖြတ်တောက်ကစားဖို့ ပိုပြီးလွယ်ကူသွားပါလိမ့်မယ်။



ကိုယ့်ရဲ့ဗျူဟာ ဟာ ပြိုင်ဘက်အလွယ်တကူ ခန့်မှန်းနိုင်တာမျိုးမဖြစ်သင့်ပါဘူး။ ဗျူဟာအမျိုးမျိုးကို မွှေနှောက်ပြီး ကစားနိုင်စွမ်းရှိရပါမယ်။ Gillette မုတ်ဆိတ်ရိတ်ဓားရောင်းတဲ့ ကုမ္ပဏီအကြောင်း ပြောကြရအောင်။ သူတို့ဟာ တစ်လရဲ့ ပထမဆုံး တနင်္ဂနွေနေ့မှာ အထူးဈေးရောင်းပွဲတွေ လုပ်ပေးလေ့ရှိပါတယ်။ သူတစ်ဦးတည်းရောင်းနေရရင်တော့ အကြောင်းမဟုတ်ဘူးပေါ့။ နောက်ထပ် BIC ဆိုတဲ့ ကုမ္ပဏီတစ်ခုကလည်း သူ့လိုပဲ ဈေးရောင်းပွဲတစ်ခုကို သူ့ထက်ရက်စောပြီး လုပ်မယ်ဆိုရင် Gillette ရဲ့ ရောင်းအားဟာ ကျသွားမှာ အသေအချာပဲ။ ဒါဟာ ဈေးကွက်ထဲက သူ့ရဲ့

ပုံသေကစားကွက်ကို ပြင်ရတော့မယ်ဆိုတဲ့ သဘောပါ။ မဟုတ်လို့ တစ်ကုမ္ပဏီနဲ့ တစ်ကုမ္ပဏီ ရက်နည်းနည်းကြိုပြီး အပြိုင်အဆိုင် ဈေးနှုန်းလျှော့ရောင်နေကြရင် တစ်ချိန်မှာ ကုမ္ပဏီလူကြီးမင်းရဲ့ လည်ပင်းကို ဓားရှတော့မှာပါ။



ပုံစံအသေ၊ ဗျူဟာ အသေကြီးနဲ့ မလုပ်လေနဲ့။ ခင်ဗျားရဲ့ကစားကွက်တွေကို ကုလားဖန်နာနာထိုးပြီး ရောမွှေထားရမယ်လို့ ဒီပုံပြင်ကဆိုပါတယ်။