Friday, March 9, 2007

ကျွန်တော်ဖတ်ရသော Game Theory (၃)

Thinking Strategically (The Competitive Edge in Business, Politics and Everday Life) By Avinash Dixit And Barry J. Nalebuff

တွေးခြင်းမဟာဗျူဟာများ (၁) - ကျော်ဇောခိုင် (စံပယ်ဖြူမဂ္ဂဇင်း အမှတ် ၆ ၊ အောက်တိုဘာ ၊ ၂၀၀၆)

ပုံပြင် (၃) ဖြောင့်ချက်

တစ်နေ့မှာ သံစုံတီးဝိုင်းတစ်ခုရဲ့ ခေါင်းဆောင်ဟာ ပွဲတစ်ပွဲအတွက် ရထားနဲ့ ခရီးသွားနေတုန်း အဲဒီညအတွက် ဂီတသင်္ကေတ တွေကို ထုတ်ကြည့်မိတယ်။ တစ်တွဲထဲပါလာတဲ့ ကေဂျီဘီအရာရှိ (၂)ယောက်ဟာ သူကြည့်နေတာတွေကို လျှို့ဝှက်အမှတ်အသား တွေလို့ ယူဆပြီး စပိုင်အဖြစ် ဖမ်းလိုက်ပါလေရောဗျာ။ တီးဝိုင်းခေါင်းဆောင်က ဒါဟာ ချိုက်ကော့စကီးရဲ့ တယောသံဆန်း တီးကွက်ပါလို့ ဆိုပေမယ့် မရဘူးခင်ဗျ။ နှစ်ရက်မြောက်နေ့ရောက်တော့ ကေဂျီဘီတစ်ယောက်ရောက်လာပြီး တီးဝိုင်းဆရာကို ပြောတယ်။ မင်းသူငယ်ချင်း ချိုက်ကော့စကီးကို ငါတို့မိပြီ။ သူက အားလုံးထွက်ဆိုတယ်။ မင်းဖြောင့်ချက်ပေးတော့တဲ့။.........

ကေဂျီဘီဟာ တကယ်ပဲ အပြစ်မဲ့တဲ့ တစ်ခြားတစ်ယောက်ကို မိထားပြီဆိုပါတော့။ ဒီ ၂ ယောက်စလုံးဟာ အပြစ်ရှိကြောင်း ၀န်ခံရင် ၁၀ နှစ်စီ ထောင်ကျမယ်။ တစ်ယောက်က ၀န်ခံပြီး နောက်တစ်ယောက်က ဘူးခံရင် ဖြောင့်ချက်ပေးသူက တစ်နှစ် (အစိုးရသက်သေသဘောမျိုးနဲ့) ဘူးခံသူက (၂၅) နှစ် ၊ နှစ်ယောက်စလုံးက ဘာတစ်ခွန်းမှ မထွက်ဘူးဆိုရင် ၃ နှစ်စီ ကျမယ်လို့ဆိုပါစို့။ ခင်ဗျားသာ တီးဝိုင်းခေါင်းဆောင် ဒါဇင်စကီးလို ဆဲလ်လေးတစ်ခုထဲမှာ လောလောဆယ်ပိတ်ခံထားရရင် ဘာလုပ်မလဲ။ ဒါဟာ ဂိမ်းသီအိုရီရဲ့ နာမည်ကျော် "အကျဉ်းသား အကျဉ်းအကျပ်" (Prisoner's Dilemma) ပါ။

ဒီနေရာမှာ အဓိကကျတာက သူတို့နှစ်ဦးမျက်နှာ စုံညီဆွေးနွေးအဖြေရှာခွင့် မရတာပါပဲ။ မျက်ကွယ်မှာ တစ်ယောက်က အခြားတစ်ယောက်ကို ၂ ပေါက် ၁ ပေါက် ရိုက်ဖို့ ကြိုးစားနေမယ်ဆိုရင် နှစ်ယောက်စလုံး ၁၀ နှစ်တန်းနေတာပေါ့ဗျာ။ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ လူတွေတော်တော်များများဟာ ဒီအကျဉ်းအကျပ်ထဲ ပိတ်မိတတ်ကြပါတယ်။ လက်နက်ဖျက်သိမ်း ရေးဆွေးနွေးပွဲတွေလည်း ဒီသဘောပါပဲ။ နှစ်ဘက်စလုံးက လက်နက်တွေကို ဆက်ထိန်းထားမလား။ ဖျက်သိမ်းမလား၊ တစ်ဘက်က ခင်ဗျား ပုံပေါ်လာပြီလို့ ယူဆပါတယ်။ ဒီနေရာမှာ အဓိကကျတာက သူတို့နှစ်ဦးမျက်နှာ စုံညီဆွေးနွေးအဖြေရှာခွင့် မရတာပါပဲ။ မျက်ကွယ်မှာ တစ်ယောက်က အခြားတစ်ယောက်ကို ၂ ပေါက် ၁ ပေါက် ရိုက်ဖို့ ကြိုးစားနေမယ်ဆိုရင် နှစ်ယောက်စလုံး ၁၀ နှစ်တန်းနေတာပေါ့ဗျာ။ နိုင်ငံတွေ၊ အဖွဲ့အစည်းတွေ၊ လူတွေတော်တော်များများဟာ ဒီအကျဉ်းအကျပ်ထဲ ပိတ်မိတတ်ကြပါတယ်။ လက်နက်ဖျက်သိမ်း ရေးဆွေးနွေးပွဲတွေလည်း ဒီသဘောပါပဲ။ နှစ်ဘက်စလုံးက လက်နက်တွေကို ဆက်ထိန်းထားမလား။ ဖျက်သိမ်းမလား၊ တစ်ဘက်က ဆက်ထိန်းထားမလား။ ခင်ဗျား ပုံပေါ်လာပြီလို့ ယူဆပါတယ်။ တွေ့ဆုံဆွေးနွေးရေး အနေအထား၊ ရလဒ်တစ်ခုကို အစွဲကင်းကင်း၊ ဥာဏ်ကြီးကြီးနဲ့ ရွေးချယ်မှသာ ဒီအကျပ်အတည်းက လွတ်ပါလိမ့်မယ်။ စီးပွားရေး၊ နိုင်ငံရေးနဲ့ လူမှုရေး ပြဿနာအများစုဟာ သူနိုင်ရင် ငါရှုံးတယ်ဆိုတဲ့ ဘောလုံးပွဲတစ်ပွဲလို အဖြေမျိုးနဲ့ မတူပါဘူး။ ဘောလုံးတစ်ပွဲဟာ သုညအကြွင်းပွဲ (တစ်ဘက်ကအနိုင်ဟာ တခြားတစ်ဘက်အတွက် အရှုံး၊ အပေါင်းနဲ့ အနုတ်ဟာကြေပြီး သုညထွက်တာ//Zero Sum Game-Blogger's Remark//)၊ အကျဉ်းသား အကျဉ်းအကျပ်မှာတော့ ၂ ဦးစလုံး အကျိုးရှိတဲ့ ထွက်ပေါက်တစ်ခုကို တွေ့ပါလိမ့်မယ်။