Sunday, March 18, 2007

ဘလော့ဂါတစ်ရေးနိုး

တစ်စက္ကန့်
နှစ်စက္ကန့်
သုံးစက္ကန့်
.............
.............
.............
ဘာ widget တွေ ထည့်ရဦးမလဲ
သူတို့ ဘာလေးတွေ ကြည့်ချင်ဦးမလဲ
တစ်မိနစ်
နှစ်မိနစ်
သုံးမိနစ်
.............
.............
.............
ဘလော့ဆိုတာ Post အဓိက ပဲ
Post ရေး
Post ရေး
သူများတွေရေးထားတာချည်းပဲ ပြန်တင်မနေနဲ့
ကိုယ့်ဘာသာကိုလည်း ရေးဦး
ဟုတ်ပြီ....ရေးမယ်။ ဘာရေးရရင်ကောင်းမလဲ။ အင်း...ဟိုသွားဒီသွား သွားနေတဲ့အချိန်တုန်းက၊ ရေချိုးထမင်းစားလုပ်နေတုန်းက စဉ်းစားမိတဲ့ပြောချင်တာလေးတွေ ရှိပါတယ်....အင်း.....
.............
.............
.............
Header ကြီးကလည်း တုံးလိုက်တာ သူများတွေနဲ့များ ကွာပါ့
ကြည့်ပါလား ကိုဖြိုး တို့ ကိုသန့်ဇင်အောင် တို့ ရန်ကုန်သား တို့ ကိုရန်အောင် တို့ . . . . တို့. . . . တို့ . . . . တို့z...z...z...z
မင်္ဂလာပါတဲ့ မြန်မာ Font (Zawgyi-One) Install လုပ်ရန်တဲ့ . .
မရှက်ဘူးလားမသိဘူး၊ ဒီဇိုင်းကိုက ပြူးတူးပြဲတဲနဲ့
သူ့ကိုယ်သူ မျက်လုံးတော်တော်လှတယ်ထင်တယ်
မျက်လုံးပုံကြီးကလည်း ထည့်ထားသေးတယ်၊ အံ့ရော အံ့ရော
.............
.............
.............
ဟိုကြည့်ဒီကြည့် ကြည့်ကြတာပေါ့ဗျာ နော တဲ့
ကိုယ့်ဘာသာ ကိုယ် ကြည့်ချင် ကြည့်ပေါ့၊ ဘလော့တိုင်တက် ဟစ်ပြစရာ လိုလို့လား
အံမယ် . .ကြိုးစားပြီးတော့ ဒီဇိုင်းလေးတွေ လုပ်နေတယ် . . . ဟုတ်လား . . .
မကြိုးစားရင် ဘယ်လောက်ပေးရမလဲ
လုပ်ပြီးရင်လည်း ကိုယ့်စက်ထဲကိုယ်သိမ်းထားပေါ့
တကတည်း၊ သူများလိုလည်း အဖြစ်မရှိ၊
ပြချင်လိုက်တာလည်း လွန်ရော
Exhibitionists လားမသိဘူး
.............
.............
.............
ရေးလိုက်မှဖြင့် . . .ဘာတဲ့
Game Theory ဟုတ်လား
ဟင်း . . .
သူ့ဘာသာသူ ဂိမ်းကစားနည်းမှတ်လို့ ဖတ်ကြည့်ပြီး မဟုတ်မှန်းလည်းသိရော
သူများအထင်ကြီးခံရ နည်းလား ဆိုပြီး
အင်တာနက်ပေါ်တက်၊ ဘလော့ပေါ်တင်နဲ့
ဒီလိုလွယ်လွယ်လေးနဲ့ သူများ အထင်ကြီးမယ်များထင်နေလားမသိဘူး
ကြုံ... ကြုံဘူးပေါင်...
.............
.............
.............
သူ့ မဖြစ်ညစ်ကျယ် ဘလော့လေး သူများကို ပြချင်တော့လည်း
ဟိုလူ့ဆီသွားလည်၊ ဒီလူ့ဆီသွား မျက်နှာလုပ်နဲ့
တော်တော် ငပွကြီး လုပ်ချင်တဲ့ကောင်
သူများတွေလုပ်ထားတယ်ဆိုတာက ဒီဇိုင်းတွေဆိုရင်လည်း ရင်သပ်ရှုမော
Post တွေဆိုရင်လည်း အရေးအသားပိုင်းကြည့်မလား၊ အကြောင်းအရာပိုင်းဖတ်မလား ကောင်းမှကောင်း
သူ့ကျမှ တောမကျ၊မြို့မရောက်
ဇော်ကန့်လန့်
.............
.............
.............
နေပါဦး ဘာတဲ့ PayPal, e-gold, AlertPay
ဟုတ်လား၊ အဲဒါက Donate Button လည်းမဟုတ်၊ Account ဖွင့်ဖို့ သူ့ Referral Link တွေ မဟုတ်လား
မရှင်း မရှင်းနဲ့၊ ရှုပ်နေတာပဲ. . .
.............
.............
.............
သူတို့ဒီကကြည့်ကြတယ်ဆိုတာ လာသေး
ငှင်း ငှင်း ငှင်း . . . မသိရင်ခက်မယ်
သူ့ဘာသာသူတစ်ယောက်တည်း အငှား IP တွေနဲ့ ၀င်တော့ကော
ဘယ်သူကသိမှာလည်း. . .ဒါမျိုးတွေ ကျုပ်တို့က ရိုး ဟိုး ဟိုးနေပြီ
.............
.............
.............
ဘလော့ရေးလာတာပဲ တစ်လနားကပ်နေပြီ
ခုချိန်ထိ သူ့ကိုယ်တိုင်ရေး Post က နှစ်ခုတစ်ပိုင်းလောက်ရှိသေးတယ်
ထားပါတော့၊ အသစ်ဆိုတော့ သိပ်မကျွမ်းကျင်သေးလို့
ပေးပါလား Free Download တွေ၊ ဂူးဂဲလ် တူးဘားပါဝင်သော မော်ဇီလာ မီးမြေခွေး တို့ ဘာတို့
ဘာမှလည်း အမြင်မရှိဘူး၊ ဒါနဲ့များ သူ့ကိုယ်သူ မျက်လုံးတဲ့၊ ကြောင်တောင်များ ကန်းနေလားမသိဘူး
အင်တာနက်လောက် ဖရီးတွေ ပေါတာ အင်တာနက်ပဲရှိတယ် . . .
.............
.............
.............
အားအားရှိ Paris Hilton ဟိုဟာတိပ်တို့ ဘာတို့ လိုက်ရှာမနေနဲ့ . . .
သွား မြန်မာဘလော့ဂါးဖိုရမ် တို့ တက်ကနီကယ် ဆဲဗင်းဖိုရမ် တို့ နေးတစ်ဗ်မြန်မာကွန်မြူနတီဖိုရမ် တို့ သွားလေ့လာချေ
.............
.............
.............
.............
.............
.............
.............
.............
.............
ကောက်ညှင်းပေါင်း ပဲပြုတ်
ဟိုက် ၆ နာရီခွဲပြီဟ
အင်း . . . ဒီနေ့လည်း အဲလေ ဒီညလည်း ဟိုလိုလို ဒီလိုလိုနဲ့ မိုးလင်းပြန်ပြီပေါ့ . . .