Saturday, March 17, 2007

အရေးကြီးတာ အဆင်ပြေဖို့

အရေးကြီးတာအဆင်ပြေဖို့

ဇေယျာလင်း



အင်္ဂါဂြိ
ုဟ်ရဲ့ မြေပြင်မှာ တူးမြောင်းတွေ ရှိသလား
ငါမသိဘူး . . .အရေးကြီးတာအဆင်ပြေဖို့
မျိုးရိုးဗီဇ ပြင်ထားတဲ့ အသီးအရွက်တွေဟာ
စားသုံးသူကို ဘေးဥပါဒ် ဖြစ်စေသလား
ငါမသိဘူး . . . အရေးကြီးတာအဆင်ပြေဖို့
ဂြိုဟ်တုကပေးပို့တဲ့ ဓါတ်ပုံထဲမှာ ကမ္ဘာကြီးရဲ့
အချို့အရပ်တွေဟာ ညမှာ အလင်းလုံးကြီးတွေ ဟိန်းနေတာပဲ
ငါမသိဘူး . . . အရေးကြီးတာအဆင်ပြေဖို့
တီထွင်ဖန်တီးမှု၊ ဆန္ဒပြည့်ဝမှုနဲ့ အဓိပ္ပါယ်ရှိမှု အဆင့်တွေ
ကုန်လွန်သွားသည့်တိုင် အသက်ရှည်ဆေးတွေ မှီဝဲဦးမလား
နိုင်ငံခြားမှာ သွားရောက် ရွှေ့ပြောင်းနေထိုင်ဖို့အတွက်
စီးပွားရေးအခြေအနေတွေ တိုးတက်ဖြစ်ထွန်းလာပြီလား
နယ်မြေကို ဖျောက်ပစ်လိုက်တဲ့ မြေပုံတွေကို တုန့်ပြန်ဖို့
"တန်ပြန်မြေပုံ" တွေပေါ်မှာ နယ်နိမိတ်တွေ ဘယ်လိုရှိမလဲ
အရေးကြီးတာအဆင်ပြေဖို့
နေ့တစ်နေ့ရဲ့ ဖြစ်ပေါ်မှုဟာ ယဉ်ကျေးမှုတန်ဘိုးရဲ့ အတိုင်းအဆလား
ကိုယ့်ရဲ့ ကိုယ်ပိုင်နေထိုင်မှုကို ကိုယ်တိုင်တာဝန်ယူပြီလား
ကျူးကျော်ဝင်ရောက်လာတဲ့ မျိုးရင်းစိမ်းတွေ တွန်းလှန်ဖို့
ဂေဟဗေဒစနစ်ရဲ့ ခုခံအား ဘယ်လိုအနေအထား ရှိပါသလဲ
နိုင်ငံစုံ ကုမ္ပဏီတွေရဲ့ ထွင်းဖောက်ဝင်ရောက် ကုန်စည်တွေဟာ
ဝယ်ယူစားသုံးသူခင်ဗျား ကျွန်တော်တို့ရဲ့ ဘ၀အရည်အသွေးကို
မြှင့်တင်ပေးပါသလား၊ ဆုတ်ယုတ်စေသလား
ငါမသိဘူး မသိဘူး မသိဘူး မသိမသိမသိမသိမသိ မသိဘူး
ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် ဖွံ့ဖြိုးစတိုင်းပြည်တွေရဲ့
ယဉ်ကျေးမှု၊ အနုပညာ၊ ကဗျာစသည်တို့ ပျက်စီးကြသလား
အရေးကြီးတာအဆင်ပြေဖို့
ဘာတွေလာမေးနေတာလဲ
အရေးကြီးတာအဆင်ပြေဖို့
အရေးကြီးတာအဆင်ပြေဖို့
အတိတ်ကာလနှင့် ယှဉ်လျှင် ယနေ့ကာလတွင်
အသက်ရှင်နေထိုင်မှုအပေါ် ဖိစီးမှု အမျိုးမျိုး
များစွာကျရောက်သည် ကို သင်မည်သည့်အတိုင်းအတာထိ
ထောက်ခံ/ငြင်းပယ်ပါသနည်း
ဟုတ်ကဲ့၊ အရေးကြီးတာက . . . . . . . . . . . .
အာာာာာာာာာာာာာာာာာာ ဟိတ်ကောင်၊ ဘာတွေ လာမေးနေတာလဲ
အရေးကြီးတာက . . . . . . . . . . .



ဇေယျာလင်း ၂၉၊ ဇန်န၀ါရီ၊ ၀၆